Ko Phyo OFP Individual Fundraiser
CRPH-OFPမှ အသိအမှတ်ပြုထားသော Fundraiser ဖြစ်ပါသည်။
ရှေ့တန်းစစ်မြေပြင်မှာ အသက်စွန့်ပြီးရဲရဲဝံ့ဝံ့နဲ့ တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်နေကြတဲ့ PDFရဲဘော်တွေရဲ့ တပ်ရင်း/တပ်ဖွဲ့တွေဆီကို ထောက်ပို့ငွေတွေ မြန်မြန်ဆန်ဆန် နဲ့ တိတိကျကျ တိုက်ရိုက်ရောက်ရှိနိုင်အောင် လကုန်တဲအခါ စာရင်းချုပ်ပြီးတာနဲ့ အမြန်ဆုံးပို့ဆောင်၊ အမြန်ဆုံး စာရင်းအတိအကျထုတ်ပြန်ပေးသွားမှာပဲ ဖြစ်ပါတယ်။
🚩 ထောက်ပို့မိသားစုတို့ရဲ့ လစဉ်ပါဝင်ကူညီမှုတွေက မြေပြင်တပ်ရင်း/တပ်ဖွဲ့တွေဆီ လစဉ်အလှည့်ကျ ရောက်ရှိသွားမှာပါ။ တစ်လချင်းအလိုက် ဒီလကတော့ ဘယ်တပ်ရင်း၊တပ်ဖွဲ့ကို ပို့မယ်ဆိုတာလည်း အသိပေးသွားမှာမို့ ကိုယ်ပို့မယ့်ထောက်ပို့ငွေက ဒီလတော့ 100%ဘယ်ကိုရောက်သွားတယ်ဆိုတာ အတိအကျသိရမှာဖြစ်ပါတယ်။
🚩 ပို့လိုက်တဲ့ တပ်ရင်း/တပ်ဖွဲ့ရဲ့ အသိအမှတ်ပြု ထောက်ပို့မိသားစုကတ်လေးလည်း ရရှိမှာဖြစ်ပါတယ်။
🚩 ထောက်ပို့ငွေအလေအလွင့်မရှိဘဲ စာရင်းအတိအကျ မြေပြင်ကို အမြန်ဆုံး နဲ့ အထိရောက်ဆုံး ရောက်ရှိနိုင်တာမို့ ထောက်ပို့မိသားစုအဖြစ် ဆက်လက်ပြီး မပျက်မကွက်ပါဝင်ပေးကြပါအုံးနော်။
EOD Shares
အစုရှယ်ယာ တစ်စုလျှင် USD 100 သတ်မှတ်ထားပြီး ရှယ်ယာဝယ်ယူမည့်သူသည် အမည် ၊ Email ၊ မွေးရက် ၊ မွေးလ၊ နိုင်ငံသား နှင့် မိမိ၏ မှတ်ပုံတင်အမှတ်(သို့)ID နံပါတ်အားကိုယ်စားလှယ်ထံ ပေးပို့ရန် လိုအပ်ပါသည်။
လတ်တလောတွင် ဝယ်ယူရမည့် အစုရှယ်ယာအရေအတွက်အား ကန့်သတ်ထားခြင်း မရှိသေးပါ။
ပြည်ပမှဆိုလျှင်
U.S.A မှ ဝယ်ယူနိုင်ပြီး
Bank Account သို့လည်းကောင်း၊
Zelle မှတဆင့်လည်းကောင်း ငွေလွှဲနိုင်ပါသည်။
United Bond
အထူးငွေတိုက်စာချုပ်(NUG Bond)များကို
$100 / $500 / $1,000 / $5,000 သတ်မှတ်ထားပါတယ်။
၁) NUG Bond ဝယ်ယူမယ်ဆိုရင်
လတ်တလော U.S.A Bank Account (သို့) Zelle မှသာ သတ်မှတ်ပေးပို့တဲ့အကောင့်ကို ငွေလွှဲပေးရမှာပါ။
(၂) မိမိဝယ်ယူလိုတဲ့ Bond တန်ဖိုးအတိုင်း ငွေလွှဲထားတဲ့မှတ်တမ်းကို Screen Shot ရိုက်ယူထားပါ။
(၃) ငွေလွှဲပြီးတဲ့အခါ အောက်တွင်ပါရှိတဲ့ Form မှတဆင့် လိုအပ်တဲ့အချက်အလက်များကို တိကျမှန်ကန်စွာ ဖြည့်ပေးပါ။ (မြန်မာဘာသာဖြင့်)ဟု ရေးထားသောနေရာများတွင် မြန်မာဘာသာဖြင့်သာ ဖြည့်ပေးပါ။
(၄) ငွေလွှဲထားသောမှတ်တမ်း Screenshotအား Uploadတွဲတင်ပါ။ အထူးသတိပြုရန်မှာ ငွေလွှဲမှတ်တမ်းမပါရှိ/လွဲမှားမှုများရှိနေပါက Bond ဝယ်ယူမှုအောင်မြင်မည် မဟုတ်ပါ။ Summit မလုပ်ခင် မိမိဖြည့်သွင်းထားသောအချက်အလက်များအား သေချာစွာစစ်ဆေးပေးပါ။
(၅) Form ဖြည့်သွင်းပြီး အတည်ပြုချက်ရရှိပြီးသည်နှင့် Bond လက်ခံရရှိချိန် (၂)ပါတ်အနည်းဆုံး ကြာမြင့်နိုင်ပါသည်။
Spring Development Bank (SDB)
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလဗဟိုဘဏ်ကနေ တရားဝင်လိုင်စင်ရရှိထားတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။
⁃ ဘဏ်အပေါ်ယုံကြည်စိတ်ချစွာနဲ့ ငွေအပ်နှံသူများရဲ့ လုံခြုံရေးကိုအထူးအလေးထားပြီး မိမိတို့ရဲ့ငွေကြေးများကို လုံခြုံစိတ်ချစွာသိမ်းဆည်းလို့ရသလို ငွေကြေးအာမခံချက်ရှိစေဖို့ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တည်ထောင်ထားပါတယ်။
⁃ SDB Bank ကို လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၁၀၀%ပိုင်ဆိုင်ပြီး အနာဂတ်အချိန်ကာလမှာ ၄၉%သော ရှယ်ယာတွေကို ပြည်သူလူထုက ဝယ်ယူနိုင်မှာပါ။
⁃ လက်ရှိအချိန်မှာ တရားဝင်လိုင်စင်နဲ့ လည်ပတ်မှာဖြစ်သလို သံတမန်ရေးဆိုင်ရာမိတ်ဖက်နိုင်ငံအချို့မှာလည်း ဘဏ်လုပ်ငန်းလိုင်စင်တွေရရှိဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာဘဏ်များအကြားမှာ တိုက်ရိုက်ငွေလွှဲပြောင်းနိုင်ဖို့ အဓိကလိုအပ်တဲ့ Swift Code ရရှိလာဖို့အတွက်လည်း SDBက ဆောင်ရွက်လျက်ရှိပါတယ်။
⁃ SDB မှာ မြန်မာနိုင်ငံသားများအပြင် မြန်မာနိုင်ငံသားမဟုတ်သူ(နိုင်ငံခြားသား)များပါ လွတ်လပ်စွာ ဘဏ်အကောင့်ဖွင့်လို့ရပါတယ်။
⁃ ဘဏ်နဲ့ဆက်သွယ်ပြီး အကောင့်ဖွင့်ဖို့အပြင် ငွေသွင်း/ငွေထုတ်တွေ၊ ဘဏ်ရဲ့ဝန်ဆောင်မှုတွေ အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် Relationship Manager (RM) တွေကို SDBကနေ ခန့်အပ်ထားရှိပါတယ်။
⁃ လတ်တလော ကနဦးအနေနဲ့ မြန်မာကျပ် ၊ အမေရိကန်ဒေါ်လာ ၊ စင်္ကာပူဒေါ်လာ ၊ ထိုင်းဘတ် စတဲ့ ငွေကြေးစနစ်(၄)မျိုးကို ဘဏ်အကောင့်တစ်ခုတည်းမှာ လဲလှယ်အသုံးပြုလို့ရသလို USDT ကိုပါ အသုံးပြုလို့ရမှာပါ။ နောက်ပိုင်းမှာတော့ အခြားနိုင်ငံများရဲ့ ငွေကြေးစနစ်တွေပါ ပါဝင်လာမှာပါ။
⁃ SDB မှာ ဘဏ်လုပ်ငန်းစနစ်ရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ငွေစုခြင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲခြင်း၊ ငွေလဲလှယ်ခြင်း၊ ငွေပေးချေခြင်း၊ စာရင်းသေအပ်ငွေအပ်နှံခြင်း တို့အပြင် ရွှေကိုပါ ဝယ်ယူစုဆောင်းနိုင်တဲ့ စနစ်တစ်ခု ပါဝင်ပါတယ်။
⁃ စာရင်းသေအပ်ငွေအမျိုးအစားအတွက် ၁လ ၊ ၃လ ၊ ၆လ နဲ့ ၁နှစ်ဆိုပြီး (၄)မျိုးရွေးချယ်နိုင်ပြီး အပ်ငွေကာလပေါ်မူတည်ပြီး အတိုးနှုန်းတွေလည်း ရှိပါတယ်။
⁃ ရွှေဝယ်ယူစုဆောင်းတဲ့ အမျိုးအစားကတော့ ရွှေဝယ်ယူချင်တဲ့သူက ကိုယ့်ဘဏ်အကောင့်ထဲကနေပြီး အလွယ်တကူပဲ ရွှေတိုကင်(Gold Token) အဖြစ် ဝယ်ယူနိုင်ပြီးတော့ SDBဘက်မှ Digital Gold ကို ဝယ်ယူသူကိုယ်စား ပြန်လည်ဝယ်ယူပြီး စုဆောင်းပေးထားမှာဖြစ်ပါတယ်။ ပြန်ရောင်းချင်တယ်ဆိုရင်လည်း အချိန်မရွေး ဘဏ်ကဝန်ဆောင်မှုပေးထားတဲ့ ငွေကြေးစနစ်တွေနဲ့ အလွယ်တကူ ပြန်ရောင်းနိုင်ပါတယ်။ လတ်တလော ပထမအဆင့်မှာတော့ Digital Gold အဖြစ် စုဆောင်းနိုင်မှာဖြစ်ပြီး ပြင်ပရွှေ(Physical Gold) အဖြစ် ပြန်လည်ထုတ်ယူဖို့အတွက်ကတော့ ကြားကာလဗဟိုဘဏ်က တရားဝင်ညွှန်ကြားချက်တွေ၊ လိုက်နာဖို့လုပ်ငန်းစဉ်တွေ ညှိနှိုင်းဆောင်ရွက်ပြီးတဲ့အချိန်ကျရင် ထပ်မံကြေငြာပေးသွားမှာပါ။ ရွှေဈေးကတော့ ကမ္ဘာ့ရွှေဈေးကွက်ရဲ့ နှုန်းထားအတိုင်းပါပဲ။
⁃ နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး ဘဏ်လုပ်ငန်းစနစ်ကို ပိုမိုစနစ်တကျနဲ့ ရေရှည်အကောင်အထည်ဖော်သွားမယ့် အစီအစဉ်တွေရှိတာမို့ နောက်ပိုင်းမှာ SDB ရဲ့ Visa / Master Credit Card တွေ ထွက်ရှိလာဖို့ ရှိပါတယ်။
⁃ လက်ရှိ MoPFI ရဲ့ Bondတွေ၊ EOD တွေကိုလည်း ဘဏ်အကောင့်ကနေ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။
⁃ လက်ရှိ Wallet Aplication တစ်ခုဖြစ်ပြီး အောင်မြင်နေတဲ့ NUGPay နဲ့လည်း Multi-Currency Digital Bank ဖြစ်တဲ့ SDB တို့အကြား ချိတ်ဆက်ဆောင်ရွက်ပြီးတော့ ငွေအလွှဲအပြောင်းတွေကို အလွယ်တကူဆောင်ရွက်လာနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ လတ်တလာမှာ မရရှိသေးပေမယ့် နောင်ကျရင် SDB နဲ့ NUGPay ချိတ်ဆက်မှုဖြစ်ပေါ်လာမှာပါ။
⁃ ပထမအဆင့်အနေနဲ့ SDB အသုံးပြုသူတိုင်းရဲ့ ဘဏ်စာရင်းအချင်းချင်း ငွေလွှဲပြောင်းတာတွေ၊ ငွေသွင်း/ငွေထုတ် ဝန်ဆောင်မှုတွေအတွက် ဝန်ဆောင်ခ အခမဲ့ဖြစ်ပါတယ်။ ငွေကြေးစနစ်တစ်ခုမှ အခြားတစ်ခုကိုပြောင်းလဲခြင်း(Currency Exchange) နဲ့ ရွှေ (Gold Token) ဝယ်ယူရောင်းချခြင်းများအတွက် ၂% ဝန်ဆောင်ခရှိပါတယ်။